ဟိမဝါရီ ဂျပန်စာဘာသာစကား သင်တန်းကျောင်း

HJLA သည် ရန်ကုန်မြို့ ၊ တောင်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသော ဂျပန်စာသင်တန်းကျောင်း ဖြစ်သည်။ကျွန်ုပ်တို့ကျောင်းတွင်အတွေ့အကြုံရှိသော ဆရာ၊ဆရာမများသည် HJLA ကျောင်းသို့ ရောက်ရှိလာသော သင်တန်းသား တဦးချင်းစီတိုင်းအား ဂျပန်ဘာသာစကားတတ်ကျွမ်းစေရုံသာမ ကိုယ့်အားကိုယ်ကိုးတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်နှင့် ဂျပန်နိုင်ငံသို့ရောက်ရှိသောအခါ နေထိုင်ရေး အဆင်ပြေချောမွေ့စေရန်အတွက် ဂရုတစိုက် သင်ကြားပေးလျှက်ရှိပါသည်။

နားလည်ရလွယ်ကူစေရန်

  • ဂျပန်ဘာသာစကားအဆင့်(Level) ပေါ်မူတည်ပြီး အကြံဉာဏ်များပေးခြင်း။
  • တူညီသောဂျပန်စာအဆင့်(Level)တွင် တန်းခွဲများစွာရှိသောကြောင့်၊ ဂျပန်စာကျွမ်းကျင်မှု အဆင့်ပေါ် မူတည်ပြီး ဆုံးဖြတ်ပေးခြင်း။
  • သင်ရိုးညွှန်းတမ်းသည် ပြောင်းလွယ်ပြင်လွယ်သော စနစ်ပုံစံဖြစ်သောကြောင့် ကျောင်းသားများ၏ အခြေအနေပေါ်မူတည်၍ သင်ခန်းစာများကို စီမံခန့်ခွဲမှ ုများပြုလုပ်ထားခြင်း။
  • (JLPT တိုင်းတာမှုပုံစံ၊ စကားပြောနိုင်စွမ်း၊ နားထောင်နိုင်စွမ်း၊ ဖတ်နိုင်စွမ်း၊ လက်ရှိဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု စသည်)တို့ကို ၄လပိုင်းနှင့် ၁၀လပိုင်းတွင် တစ်ပတ်လျှင်(၁)ကြိမ် ပြုလုပ်ပေးခြင်း။
  • Kanji (တရုတ်စာလုံး)၏ မူလအစပေါ်ပေါက်လာပုံနှင့် သိကောင်းစရာများ၊ အဓိပ္ပာယ်များကို ဘယ်လိုဖတ်ရမည်၊ ဘယ်လိုလေ့လာရမည်၊ ဘယ်လိုမှတ်သားရမည်စသည်ဖြင့် Kanji သီးသန့် လေကျင့်သင်ကြားပေးခြင်း။
Language 1
Language 2
Language 3

ဂျပန်စာလေ့လာသင်ယူခြင်းသည် ကျောင်းသားများအားလုံး၏ ရည်မှန်းချက် ပန်းတိုင်မဟုတ်ပါ ၊ အနာဂတ်တွင် ပိုမိုတောက်ပပြီး၊ အောင်မြင်မှုများရရှိစေရန်အတွက် မရှိမဖြစ်လိုအပ်သည့် Tool တစ်ခုဖြစ်မည်ဟု ယုံကြည်သည့်အတွက် သင်ကြားခြင်းဖြစ်သည်။
ကျောင်းသားများအားလုံးရရှိထားသောကျွမ်းကျင်မှ ုကို Tool တခုအနေဖြင့်အသုံးပြုပြီး၊ ကျောင်းသားများအားလုံး၏ 【အခုမှစပြီး အနာဂါတ်】ကို အတူတူရှာဖွေခြင်းသည် ကျွနု်ပ်တို့၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဂျပန်ဘာသာသင်တန်းကျောင်းတွင် နားလည်လွယ်ကူစေရန်နှင့် သင်တန်းသားများ စိတ်ဝင်စားမည့် သင်ခန်းစာများကို စီစဉ်ဆောင်ရွက်ထားပါသည်။
နှစ်စဉ်နှစ်တိုင်းများစွာသော ကျောင်းသားများသည် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ကြပြီး တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကျောင်းများကဲ့သို့သော အဆင့်မြင့် ပညာရေးများသို့ဝင်ရောက်ခွင့်ရရှိကြပါသည်။

Language 4
Language 5
Language 6

ကျွန်ုပ်တို့ကျောင်းတွင် ဂျပန်စာသင်ကြားမှု ပညာရေးကို ထောက်ပံ့ရန်အတွက် စာမေးပွဲပြင်ဆင်မှ ုသင်တန်းကို ထပ်မံ၍ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၊ သင်တန်းသားတစ်ဦးချင်းစီ၏ ဂျပန်စာအရည်အချင်းနှင့် ၎င်းတို့သွားချင်သည့်ကျောင်းများကို ဝင်ခွင့်ရနိုင်ရန်၊ ကျွန်ုပ်တို့မှ သေချာစွာ တဦးချင်းဆီလမ်းညွှန်မှု ပေးပါမည်။ ဂျပန်ဘာသာစကားသင်ကြားမှုအပြင်၊ သူနာပြုသင်တန်းများနှင့် အနာဂတ်တွင်အသုံးချနိုင်သော Japanese Business Course နှင့် အလုပ်ခွင်အသုံးချပညာရပ်အဖြစ် Business Manner၊ ဂျပန်နိုင်ငံတွင် အခြေခံအနေဖြင့် သိထားရမည့် သိကောင်းစရာ ဗဟုသုတများစွာကိုလည်း သင်ကြားပေးပါသည်။

Language 7
Language 8
Language 9
Language 10
Language 11
Language 12

ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန်အတွက် လျှောက်ထားလိုသော စာရွက်စာတမ်း အချက်အလက်များနှင့် ပတ်သက်၍ Facebook: Himawari Language Academy တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား သင်တန်းများကိုလည်း အထူးအနေဖြင့် လက်ခံ သင်ကြားပေးနေပါသည်။
Phone, E-mail, Message, Messenger တို့မှလည်း ဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်ရန် -

Himawari Japanese Language Academy

Ph: 09-977182801

E-mail: himawari.languageacademy@gmail.com